သုံးဆယ့်တစ်သွယ် ၊ဘုံရှုပ်နယ်ကို ဟုတ်တယ်လို့များ၊ ထင်မမှားနှင့် တရားနှင့်သာ ၊ ဆင်ခြင်ပါစို့။ ငါတို့တွေဘုံ၊ ဖြစ်ရပုံမှာ ဇာတ်ရုံမလွဲ၊ မျက်လှည့်ပွဲသို့ ပြောင်းလဲခန္ဓာ ၊လှည့်လည်ကာဖြင့် ကံသာ ကြောင်းရင်း၊ သူဖန်ဆင်းလို့ မငြင်းဆန်သာ၊ ထက်အောက်ရွာတွင် ခန္ဓာထသည်ကား ၊ရုပ်စုံစွဲလျက် ငရဲအပါယ်၊ သွက်သွက်လည်ခဲ့ အေးဖွယ်သုခ၊ ဘယ်မရဘူး ဒုက္ခနှင့်သာ၊ ခုတိုင်ကြာပေါ့။ နောင်ခါဘယ်ပုံ၊ ဖြစ်ရတုံကို မူကုန်နောင်ရေး ၊ မသိသေး၍ အေးအေးလုံးလုံး၊ အချိန်ဖြုန်းပြီး ရယ်ပြုံးမေ့ကာ ၊ စိတ်ထင်ရာကို ဘာညာဘယ်ဟု၊ ဘယ်မပြုနှင့် သေမှုသေရေး၊တယ်မဝေးဘူး ကိုယ်ရေးကိုယ်တာ၊ နောက်တော်ပါအောင် ကိုယ်သာပိုင်မူ၊ ဥာဏ်စက္ခုဖြင့် နုနယ် ပျိုစင်၊ မအိုခင်က ကြိုတင်ပြုမှ ကောင်းရာသော်။

Sunday, 22 July 2012

ဗုဒ္ဓဘာသာတရားကိုမယုံကြည်လို့မေးသောမေးခွန်းများကိုအထောက်အထားဖြင့် ဖြေရှင်းချက်များ

(၁)ဗုဒ္ဓဘာသာဆိုတာဘာလဲ။
(၂)ဒီလိုဆိုရင်ဗုဒ္ဓဘာသာဟာဒဿနပညာရပ်တစ်ခုဘဲပေါ့။
(၃)ဗုဒ္ဓဆိုတာဘယ်သူပါလဲ။
(၄)ဗုဒ္ဓဟာသူ့ရဲ့ကြင်ယာတော်နဲ့သားတော်ကိုပစ်ထားခဲ့တဲ့အတွက်တာဝန်မဲ့ရာမရောက်ဘူးလား။
(၅)ဗုဒ္ဓကပရိနိဗ္ဗာန်စံသွားပြီဆိုတော့သူကကျွန်ုပ်တို့ကိုဘယ်လိုကူညီနိုင်ပါသလဲ။
(၆)ဗုဒ္ဓဟာထာဝရဘုရား(God)လား။
(၇)ဗုဒ္ဓဟာထာဝရဘုရားမဟုတ်ရင်ဘာကြောင့်သူ့ကိုလူတွေကရှိခိုးကိုးကွယ်နေကြသလဲ။
(၈)ဗုဒ္ဓဘာသာဝင်များဟာရုပ်တုကိုကိုးကွယ်ကြတယ်လို့တချို့လူများကပြောတာကြားဘူးပါတယ်။ဟုတ်ပါသလား။
(၉)တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းတွေထဲမှာစက္ကူပိုက်ဆံတွေကိုမီးရှို့တာတွေ၊ပြီးတော့တခြားထူးထူးဆန်းဆန်းလုပ်ကြတာ တွေ့ကြရပါတယ်။အဲဒါတွေကိုဘာကြောင့်လုပ်ကြပါသလဲ။

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

Saturday, 21 July 2012

ဘာသာတရား

ဘာသာတရား (Religion) ကမ္ဘာ့သမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပညာရေးဆိုင်ရာလေ့လာမှု၌ ဘာသာတရားဟူသော ဝေါဟာရကို၊ တစ်နည်းအားဖြင် Religion ဟူသော အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်ကို ရှုထောင့်အထွေထွေမှ တွေးမြင်သုံးသပ်နိုင်ပေသည်။ ဘာသာတရားဟူသည် နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံပိုင်းဖြစ်ပါသည်။ အယူဝါဒရေးရာ လေ့လာဆန်းစစ်ချက်သီအိုလိုဂျီ သို့မဟုတ် တတ်သိလိမ္မာသူ ပညာရှင်တို့၏ အယူဝါဒ ပုံဖော်မူတစ်ရပ်ဟူ၍လည်း ရှုမြင်ကြပေသည်။ ဘာသာတရားဟူသည်

ဆက်လက်ဖတ်ရှု့နိုင်သည်

“သိ ပယ် ဆိုက် ပွား”

*“သိ ပယ် ဆိုက် ပွား”* ဤစကားလေးများသည် ဗုဒ္ဓဘာသာ၏ သစ္စာလေးပါးကို အထိမိဆုံး ဖော်ညွန်းပေးသည့် စကားလေးများဖြစ်၏။
“သိ”ဟူသည် ဒုက္ခသစ္စာကို ရည်ညွန်းပြီး
“ပယ်”ဟူသည် သမုဒယသစ္စာကို ရည်ညွန်းကာ “ဆိုက်”ဟူသည် နိရောဓသစ္စာကို ရည်ညွန်းလျက်
“ပွား”ဟူသည်ကား မဂ္ဂသစ္စာကို ရည်ညွန်းထား၏။ ဒုက္ခသစ္စာသည် သိထားရမည့်အမှန်သစ္စာဖြစ်ပြီး သမုဒယသစ္စာသည်ကား ပယ်ရမည့် အမှန်သစ္စာဖြစ်ကြောင်းနှင့်နိရောဓသစ္စာသည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့် အမှန်သစ္စာဖြစ်ကာ မဂ္ဂသစ္စာသည်ကား

ဆက်လက်ဖတ်ရှု့နိုင်သည်

မြတ်ဗုဒ္ဓ၏ တရားဦး (The First Discourse of The Buddha)

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆိုတာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။ ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား