သုံးဆယ့်တစ်သွယ် ၊ဘုံရှုပ်နယ်ကို ဟုတ်တယ်လို့များ၊ ထင်မမှားနှင့် တရားနှင့်သာ ၊ ဆင်ခြင်ပါစို့။ ငါတို့တွေဘုံ၊ ဖြစ်ရပုံမှာ ဇာတ်ရုံမလွဲ၊ မျက်လှည့်ပွဲသို့ ပြောင်းလဲခန္ဓာ ၊လှည့်လည်ကာဖြင့် ကံသာ ကြောင်းရင်း၊ သူဖန်ဆင်းလို့ မငြင်းဆန်သာ၊ ထက်အောက်ရွာတွင် ခန္ဓာထသည်ကား ၊ရုပ်စုံစွဲလျက် ငရဲအပါယ်၊ သွက်သွက်လည်ခဲ့ အေးဖွယ်သုခ၊ ဘယ်မရဘူး ဒုက္ခနှင့်သာ၊ ခုတိုင်ကြာပေါ့။ နောင်ခါဘယ်ပုံ၊ ဖြစ်ရတုံကို မူကုန်နောင်ရေး ၊ မသိသေး၍ အေးအေးလုံးလုံး၊ အချိန်ဖြုန်းပြီး ရယ်ပြုံးမေ့ကာ ၊ စိတ်ထင်ရာကို ဘာညာဘယ်ဟု၊ ဘယ်မပြုနှင့် သေမှုသေရေး၊တယ်မဝေးဘူး ကိုယ်ရေးကိုယ်တာ၊ နောက်တော်ပါအောင် ကိုယ်သာပိုင်မူ၊ ဥာဏ်စက္ခုဖြင့် နုနယ် ပျိုစင်၊ မအိုခင်က ကြိုတင်ပြုမှ ကောင်းရာသော်။

Saturday, 21 July 2012

မြတ်ဗုဒ္ဓ၏ တရားဦး (The First Discourse of The Buddha)

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆိုတာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။ ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား

No comments:

Post a Comment