သုံးဆယ့်တစ်သွယ် ၊ဘုံရှုပ်နယ်ကို ဟုတ်တယ်လို့များ၊ ထင်မမှားနှင့် တရားနှင့်သာ ၊ ဆင်ခြင်ပါစို့။ ငါတို့တွေဘုံ၊ ဖြစ်ရပုံမှာ ဇာတ်ရုံမလွဲ၊ မျက်လှည့်ပွဲသို့ ပြောင်းလဲခန္ဓာ ၊လှည့်လည်ကာဖြင့် ကံသာ ကြောင်းရင်း၊ သူဖန်ဆင်းလို့ မငြင်းဆန်သာ၊ ထက်အောက်ရွာတွင် ခန္ဓာထသည်ကား ၊ရုပ်စုံစွဲလျက် ငရဲအပါယ်၊ သွက်သွက်လည်ခဲ့ အေးဖွယ်သုခ၊ ဘယ်မရဘူး ဒုက္ခနှင့်သာ၊ ခုတိုင်ကြာပေါ့။ နောင်ခါဘယ်ပုံ၊ ဖြစ်ရတုံကို မူကုန်နောင်ရေး ၊ မသိသေး၍ အေးအေးလုံးလုံး၊ အချိန်ဖြုန်းပြီး ရယ်ပြုံးမေ့ကာ ၊ စိတ်ထင်ရာကို ဘာညာဘယ်ဟု၊ ဘယ်မပြုနှင့် သေမှုသေရေး၊တယ်မဝေးဘူး ကိုယ်ရေးကိုယ်တာ၊ နောက်တော်ပါအောင် ကိုယ်သာပိုင်မူ၊ ဥာဏ်စက္ခုဖြင့် နုနယ် ပျိုစင်၊ မအိုခင်က ကြိုတင်ပြုမှ ကောင်းရာသော်။

Saturday, 21 July 2012

“သိ ပယ် ဆိုက် ပွား”

*“သိ ပယ် ဆိုက် ပွား”* ဤစကားလေးများသည် ဗုဒ္ဓဘာသာ၏ သစ္စာလေးပါးကို အထိမိဆုံး ဖော်ညွန်းပေးသည့် စကားလေးများဖြစ်၏။
“သိ”ဟူသည် ဒုက္ခသစ္စာကို ရည်ညွန်းပြီး
“ပယ်”ဟူသည် သမုဒယသစ္စာကို ရည်ညွန်းကာ “ဆိုက်”ဟူသည် နိရောဓသစ္စာကို ရည်ညွန်းလျက်
“ပွား”ဟူသည်ကား မဂ္ဂသစ္စာကို ရည်ညွန်းထား၏။ ဒုက္ခသစ္စာသည် သိထားရမည့်အမှန်သစ္စာဖြစ်ပြီး သမုဒယသစ္စာသည်ကား ပယ်ရမည့် အမှန်သစ္စာဖြစ်ကြောင်းနှင့်နိရောဓသစ္စာသည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့် အမှန်သစ္စာဖြစ်ကာ မဂ္ဂသစ္စာသည်ကား

ဆက်လက်ဖတ်ရှု့နိုင်သည်

No comments:

Post a Comment