သုံးဆယ့်တစ်သွယ် ၊ဘုံရှုပ်နယ်ကို ဟုတ်တယ်လို့များ၊ ထင်မမှားနှင့် တရားနှင့်သာ ၊ ဆင်ခြင်ပါစို့။ ငါတို့တွေဘုံ၊ ဖြစ်ရပုံမှာ ဇာတ်ရုံမလွဲ၊ မျက်လှည့်ပွဲသို့ ပြောင်းလဲခန္ဓာ ၊လှည့်လည်ကာဖြင့် ကံသာ ကြောင်းရင်း၊ သူဖန်ဆင်းလို့ မငြင်းဆန်သာ၊ ထက်အောက်ရွာတွင် ခန္ဓာထသည်ကား ၊ရုပ်စုံစွဲလျက် ငရဲအပါယ်၊ သွက်သွက်လည်ခဲ့ အေးဖွယ်သုခ၊ ဘယ်မရဘူး ဒုက္ခနှင့်သာ၊ ခုတိုင်ကြာပေါ့။ နောင်ခါဘယ်ပုံ၊ ဖြစ်ရတုံကို မူကုန်နောင်ရေး ၊ မသိသေး၍ အေးအေးလုံးလုံး၊ အချိန်ဖြုန်းပြီး ရယ်ပြုံးမေ့ကာ ၊ စိတ်ထင်ရာကို ဘာညာဘယ်ဟု၊ ဘယ်မပြုနှင့် သေမှုသေရေး၊တယ်မဝေးဘူး ကိုယ်ရေးကိုယ်တာ၊ နောက်တော်ပါအောင် ကိုယ်သာပိုင်မူ၊ ဥာဏ်စက္ခုဖြင့် နုနယ် ပျိုစင်၊ မအိုခင်က ကြိုတင်ပြုမှ ကောင်းရာသော်။

Saturday, 25 August 2012

အာရမ္မဏပစ္စည်း၏အကျိုးကျေးဇူးများ

အာရမ္မဏသတ္တိ - ဟူသည် ... ဖူးပွင့်ဝေဆာသော ပန်းဥယျာဉ်ကြီးထဲ၌ လူတို့ပျော်မွေ့ဖွယ်ရာ ဖြစ်သကဲ့သို့ ရူပါရုံစသော အာရုံ (၆)ပါးတို့သည်လည်း စိတ် စေတသိက်တို့၏ နှစ်သက်ပျော်မွေ့ဖွယ်ရာ ဖြစ်ကြပါတယ်။ အာရုံနှင့်ကင်း၍ ဖြစ်ကြသော စိတ် စေတသိက်တရား မည်သည် မရှိကြပါ။ စိတ် စေတသိက်တိုင်း ရူပါရုံစသော အာရုံတစ်ခုခုကို အမှန်ပင် အာရုံပြုကြရပါတယ်။ အဲဒီလို စိတ် စေတသိက်တရားတို့က ရူပါရုံစသော အာရုံတို့အပေါ်၌ မခွဲနိုင်၊ မခွါနိုင်လောက်အောင် မွေ့လျော်ဖွယ်ရာကို ဆောင်တတ်သော ဆွဲငင်အား သတ္တိထူးကို "အာရမ္မဏသတ္တိ"လို့ခေါ်ပါတယ်.......

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

No comments:

Post a Comment