သုံးဆယ့်တစ်သွယ် ၊ဘုံရှုပ်နယ်ကို ဟုတ်တယ်လို့များ၊ ထင်မမှားနှင့် တရားနှင့်သာ ၊ ဆင်ခြင်ပါစို့။ ငါတို့တွေဘုံ၊ ဖြစ်ရပုံမှာ ဇာတ်ရုံမလွဲ၊ မျက်လှည့်ပွဲသို့ ပြောင်းလဲခန္ဓာ ၊လှည့်လည်ကာဖြင့် ကံသာ ကြောင်းရင်း၊ သူဖန်ဆင်းလို့ မငြင်းဆန်သာ၊ ထက်အောက်ရွာတွင် ခန္ဓာထသည်ကား ၊ရုပ်စုံစွဲလျက် ငရဲအပါယ်၊ သွက်သွက်လည်ခဲ့ အေးဖွယ်သုခ၊ ဘယ်မရဘူး ဒုက္ခနှင့်သာ၊ ခုတိုင်ကြာပေါ့။ နောင်ခါဘယ်ပုံ၊ ဖြစ်ရတုံကို မူကုန်နောင်ရေး ၊ မသိသေး၍ အေးအေးလုံးလုံး၊ အချိန်ဖြုန်းပြီး ရယ်ပြုံးမေ့ကာ ၊ စိတ်ထင်ရာကို ဘာညာဘယ်ဟု၊ ဘယ်မပြုနှင့် သေမှုသေရေး၊တယ်မဝေးဘူး ကိုယ်ရေးကိုယ်တာ၊ နောက်တော်ပါအောင် ကိုယ်သာပိုင်မူ၊ ဥာဏ်စက္ခုဖြင့် နုနယ် ပျိုစင်၊ မအိုခင်က ကြိုတင်ပြုမှ ကောင်းရာသော်။

Saturday, 25 August 2012

ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ

ပဋ္ဌာန်းကိုပြောမယ်ဆိုရင်အဘိဓမ္မာ(၇)ကျမ်းလုံးကိုလဲနည်းနည်းစိစစ်ရမယ်၊သတ္တသတ္တာယ(၇)ခုကိုလဲနည်းနည်းတော့ရေးဥိးမှကောင်းမယ်။ပဋ္ဌာန်းကိုစပြီးဆင်ခြင်တဲ့သမိုင်းလေးရယ်ဆက်နွယ်နေတဲ့ဖြစ်စဉ်လေးတွေရယ်ပါသိရတော့ပိုကောင်းပါမယ်။မြတ်စွာဘုရားအလောင်းတော်သည်မဟာသက္ကရာဇ်၁၀၃ခု၊ကဆုန်လပြည့်နေ့၌သဗ္ဗညုမြတ်စွာဘုရားအဖြစ်ရောက်ရှိခဲ့ပြီးနောက်(က)ပလ္လင်္ကသတ္တာဟ။။ဘုရားဖြစ်တဲ့နေရာ(ပလ္လင်)ထက်မှာပဲကဆုန်လပြည့်ကျော်(၁)ရက်နေ့မှ(၇)ရက်နေ့အထိမလှုပ်မရှားဆက်ပြီးသီတင်းသုံးတော်မူပါတယ်။ပထမနေ့၊နေ့အခါမှာဖလသမာပတ်ဝင်စားပြီးနေပါတယ်။ညအခါမှာပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးက.......
ဆက်လက်ဖတ်ရှု့နိုင်ပါသည်

No comments:

Post a Comment