သုံးဆယ့်တစ်သွယ် ၊ဘုံရှုပ်နယ်ကို ဟုတ်တယ်လို့များ၊ ထင်မမှားနှင့် တရားနှင့်သာ ၊ ဆင်ခြင်ပါစို့။ ငါတို့တွေဘုံ၊ ဖြစ်ရပုံမှာ ဇာတ်ရုံမလွဲ၊ မျက်လှည့်ပွဲသို့ ပြောင်းလဲခန္ဓာ ၊လှည့်လည်ကာဖြင့် ကံသာ ကြောင်းရင်း၊ သူဖန်ဆင်းလို့ မငြင်းဆန်သာ၊ ထက်အောက်ရွာတွင် ခန္ဓာထသည်ကား ၊ရုပ်စုံစွဲလျက် ငရဲအပါယ်၊ သွက်သွက်လည်ခဲ့ အေးဖွယ်သုခ၊ ဘယ်မရဘူး ဒုက္ခနှင့်သာ၊ ခုတိုင်ကြာပေါ့။ နောင်ခါဘယ်ပုံ၊ ဖြစ်ရတုံကို မူကုန်နောင်ရေး ၊ မသိသေး၍ အေးအေးလုံးလုံး၊ အချိန်ဖြုန်းပြီး ရယ်ပြုံးမေ့ကာ ၊ စိတ်ထင်ရာကို ဘာညာဘယ်ဟု၊ ဘယ်မပြုနှင့် သေမှုသေရေး၊တယ်မဝေးဘူး ကိုယ်ရေးကိုယ်တာ၊ နောက်တော်ပါအောင် ကိုယ်သာပိုင်မူ၊ ဥာဏ်စက္ခုဖြင့် နုနယ် ပျိုစင်၊ မအိုခင်က ကြိုတင်ပြုမှ ကောင်းရာသော်။

Sunday, 19 August 2012

ဗုဒ္ဓဘာသာဝင်တို့၏ဝါဆိုလ

ဝါဆိုလသည်ဗုဒ္ဓဘာသာဝင်တို့အတွက်ထူးမြတ်သောလဖြစ်၏။ဝါဆိုလပြည့်နေ့မှာဘုရားအလောင်း တော်သည်နတ်ဗြဟ္မာအပေါင်းတို့တောင်းပန်မှုကြောင့်မယ်တော်၏၀မ်း၌ပဋိသန္ဓေနေတော်မူခဲ့၏။အိုနာသေရေးဒုက္ခဘေးတို့မှကင်းလွတ်ရာဖြစ်သောတရားထူးကိုရှာရန်တောထွက်တော်မူခဲ့၏။ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်ပဉ္စ၀ဂ္ဂီငါးဦးအမှူးပြုသောနတ်ဗြဟ္မာအပေါင်းတို့အားဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့၏။ထို့ကြောင့်‘’သန္ဓေ၊ တောထွက်၊ဓမ္မစက်၊ ဟောမြွက်လ၀ါဆို’’ဟုအဆိုရှိခဲ့ပေသည်။ဘုရားရှင်၏တပည့်သားသံဃာတော်များသည်ဝါဆိုလပြည့်ကျော်တရက်နေ့မှာဝါဆိုဝါကပ်ကြ၍ဗုဒ္ဓတရားတော်များကိုသင်ယူပို့ချ ဟောပြခြင်းပရိယတ္တိ၊ကိုယ်တိုင်ကျင့်ပွါးအားထုတ်ခြင်းပဋိပတ္တိတို့ကို........

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

No comments:

Post a Comment