သုံးဆယ့်တစ်သွယ် ၊ဘုံရှုပ်နယ်ကို ဟုတ်တယ်လို့များ၊ ထင်မမှားနှင့် တရားနှင့်သာ ၊ ဆင်ခြင်ပါစို့။ ငါတို့တွေဘုံ၊ ဖြစ်ရပုံမှာ ဇာတ်ရုံမလွဲ၊ မျက်လှည့်ပွဲသို့ ပြောင်းလဲခန္ဓာ ၊လှည့်လည်ကာဖြင့် ကံသာ ကြောင်းရင်း၊ သူဖန်ဆင်းလို့ မငြင်းဆန်သာ၊ ထက်အောက်ရွာတွင် ခန္ဓာထသည်ကား ၊ရုပ်စုံစွဲလျက် ငရဲအပါယ်၊ သွက်သွက်လည်ခဲ့ အေးဖွယ်သုခ၊ ဘယ်မရဘူး ဒုက္ခနှင့်သာ၊ ခုတိုင်ကြာပေါ့။ နောင်ခါဘယ်ပုံ၊ ဖြစ်ရတုံကို မူကုန်နောင်ရေး ၊ မသိသေး၍ အေးအေးလုံးလုံး၊ အချိန်ဖြုန်းပြီး ရယ်ပြုံးမေ့ကာ ၊ စိတ်ထင်ရာကို ဘာညာဘယ်ဟု၊ ဘယ်မပြုနှင့် သေမှုသေရေး၊တယ်မဝေးဘူး ကိုယ်ရေးကိုယ်တာ၊ နောက်တော်ပါအောင် ကိုယ်သာပိုင်မူ၊ ဥာဏ်စက္ခုဖြင့် နုနယ် ပျိုစင်၊ မအိုခင်က ကြိုတင်ပြုမှ ကောင်းရာသော်။

Saturday, 25 August 2012

ဟေတုပစ္စည်း၏အကျိုးကျေးဇူးများ

ဟေတုပစ္စည်းဆိုတာ ပိဋကတ်သုံးပုံတို့တွင် အဘိဓမ္မာပိဋကတ်မှာပါတဲ့ ပစ္စည်းတရားဖြစ်ပါတယ်။ အဘိဓမ္မာပိဋကတ်ထဲကလည်း အဘိဓမ္မာ (၇)ကျမ်းတို့တွင် ပဋ္ဌာန်းကျမ်းတွင်ပါဝင်သော ပစ္စည်းတရားဖြစ်ပါတယ်။
ဟေတုပစ္စယောတိ။
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
ဟေတုပစ္စယောတိ = ဟေတုပစ္စည်းဟူသည်ကား၊ ဟေတူ = ဟိတ်ခြောက်ပါးတို့သည်၊ ဟေတုသမ္ပယုတ္တကာနံ = ဟိတ်ခြောက်ပါးနှင့်ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ = သဟိတ်စိတ် ဧကသတ္တတိ ၇၁-ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် ဒွေပညာသ ၅၂-ပါးတို့အားလည်းကောင်း၊ တံသမုဋ္ဌာနာနံ = ထိုဟိတ်နှင့်ယှဉ်ကုန်သော စိတ် စေတသိက်လျှင် ဖြစ်ကြောင်းရှိကုန်သော..............

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

No comments:

Post a Comment