သုံးဆယ့်တစ်သွယ် ၊ဘုံရှုပ်နယ်ကို ဟုတ်တယ်လို့များ၊ ထင်မမှားနှင့် တရားနှင့်သာ ၊ ဆင်ခြင်ပါစို့။ ငါတို့တွေဘုံ၊ ဖြစ်ရပုံမှာ ဇာတ်ရုံမလွဲ၊ မျက်လှည့်ပွဲသို့ ပြောင်းလဲခန္ဓာ ၊လှည့်လည်ကာဖြင့် ကံသာ ကြောင်းရင်း၊ သူဖန်ဆင်းလို့ မငြင်းဆန်သာ၊ ထက်အောက်ရွာတွင် ခန္ဓာထသည်ကား ၊ရုပ်စုံစွဲလျက် ငရဲအပါယ်၊ သွက်သွက်လည်ခဲ့ အေးဖွယ်သုခ၊ ဘယ်မရဘူး ဒုက္ခနှင့်သာ၊ ခုတိုင်ကြာပေါ့။ နောင်ခါဘယ်ပုံ၊ ဖြစ်ရတုံကို မူကုန်နောင်ရေး ၊ မသိသေး၍ အေးအေးလုံးလုံး၊ အချိန်ဖြုန်းပြီး ရယ်ပြုံးမေ့ကာ ၊ စိတ်ထင်ရာကို ဘာညာဘယ်ဟု၊ ဘယ်မပြုနှင့် သေမှုသေရေး၊တယ်မဝေးဘူး ကိုယ်ရေးကိုယ်တာ၊ နောက်တော်ပါအောင် ကိုယ်သာပိုင်မူ၊ ဥာဏ်စက္ခုဖြင့် နုနယ် ပျိုစင်၊ မအိုခင်က ကြိုတင်ပြုမှ ကောင်းရာသော်။

Sunday, 19 August 2012

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ

ငါ့ရှင်၊သင်သည်မည်သူ၊သင်၏ဣနြေ္ဒတို့သည်ကြည်လင်လှ၏။အရေအဆင်းသည်စင်ကြယ်၍ပြိုးပြိုးပြက်ပြက်ရှိ၏။(-ဝိနည်း၊ မဟာဝဂ်)
ဝက္ကလိ၊
ဤအပုပ်ကောင်ကိုဖူးမြင်ခြင်းဖြင့်အဘယ်အကျိုးရှိမည်နည်း။ဝက္ကလိ၊တရားကိုမြင်သောသူသည်ငါဘုရားကိုမြင်သည်မည်၏။(-သံယုတ္တနိကာယ်၊ ခန္ဒသံယုတ်- ဝက္ကလိသုတ်)
(က) ပိဋကတ်မှ ဂေါတမဗုဒ္ဓ
မြန်မာနိုင်ငံတွင်ဂေါတမဗုဒ္ဓ၏ဘဝဖြစ်စဉ်အကြောင်းအရာများကိုရေးသားထားသောမြန်မာဗုဒ္ဓဝင်စာအုပ်များရှိ၏။ထိုစာအုပ်များ၌ပါရှိသောအချက်များကိုမြန်မာဗုဒ္ဓဝါဒီတို့ကအကြွင်းမဲ့လက်ခံယုံကြည်ကြမည်ဖြစ်သော်လည်းအနောက်တိုင်းဗုဒ္ဓစာပေသုတေသီပညာရှင်တို့က ထိုသို့လက်ခံလိုကြမည်မဟုတ်ချေ။တစ်နည်းဆိုသော်ယိုးဒယားမြန်မာ၊သီဟိုဠ်သားတို့၏ဗုဒ္ဓဝင်ကိုတိကျခိုင်မာသောဗုဒ္ဓအတ္တုပ္ပတ္တိအဖြစ်အသိအမှတ်ပြုလိုကြမည်......

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

No comments:

Post a Comment