သုံးဆယ့်တစ်သွယ် ၊ဘုံရှုပ်နယ်ကို ဟုတ်တယ်လို့များ၊ ထင်မမှားနှင့် တရားနှင့်သာ ၊ ဆင်ခြင်ပါစို့။ ငါတို့တွေဘုံ၊ ဖြစ်ရပုံမှာ ဇာတ်ရုံမလွဲ၊ မျက်လှည့်ပွဲသို့ ပြောင်းလဲခန္ဓာ ၊လှည့်လည်ကာဖြင့် ကံသာ ကြောင်းရင်း၊ သူဖန်ဆင်းလို့ မငြင်းဆန်သာ၊ ထက်အောက်ရွာတွင် ခန္ဓာထသည်ကား ၊ရုပ်စုံစွဲလျက် ငရဲအပါယ်၊ သွက်သွက်လည်ခဲ့ အေးဖွယ်သုခ၊ ဘယ်မရဘူး ဒုက္ခနှင့်သာ၊ ခုတိုင်ကြာပေါ့။ နောင်ခါဘယ်ပုံ၊ ဖြစ်ရတုံကို မူကုန်နောင်ရေး ၊ မသိသေး၍ အေးအေးလုံးလုံး၊ အချိန်ဖြုန်းပြီး ရယ်ပြုံးမေ့ကာ ၊ စိတ်ထင်ရာကို ဘာညာဘယ်ဟု၊ ဘယ်မပြုနှင့် သေမှုသေရေး၊တယ်မဝေးဘူး ကိုယ်ရေးကိုယ်တာ၊ နောက်တော်ပါအောင် ကိုယ်သာပိုင်မူ၊ ဥာဏ်စက္ခုဖြင့် နုနယ် ပျိုစင်၊ မအိုခင်က ကြိုတင်ပြုမှ ကောင်းရာသော်။

Saturday, 25 August 2012

ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသ နိဿယ (မြန်မာပြန် အနက်အဓိပ္ပါယ်များ)

ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)
အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)
အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်).........

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

အာရမ္မဏပစ္စည်း၏အကျိုးကျေးဇူးများ

အာရမ္မဏသတ္တိ - ဟူသည် ... ဖူးပွင့်ဝေဆာသော ပန်းဥယျာဉ်ကြီးထဲ၌ လူတို့ပျော်မွေ့ဖွယ်ရာ ဖြစ်သကဲ့သို့ ရူပါရုံစသော အာရုံ (၆)ပါးတို့သည်လည်း စိတ် စေတသိက်တို့၏ နှစ်သက်ပျော်မွေ့ဖွယ်ရာ ဖြစ်ကြပါတယ်။ အာရုံနှင့်ကင်း၍ ဖြစ်ကြသော စိတ် စေတသိက်တရား မည်သည် မရှိကြပါ။ စိတ် စေတသိက်တိုင်း ရူပါရုံစသော အာရုံတစ်ခုခုကို အမှန်ပင် အာရုံပြုကြရပါတယ်။ အဲဒီလို စိတ် စေတသိက်တရားတို့က ရူပါရုံစသော အာရုံတို့အပေါ်၌ မခွဲနိုင်၊ မခွါနိုင်လောက်အောင် မွေ့လျော်ဖွယ်ရာကို ဆောင်တတ်သော ဆွဲငင်အား သတ္တိထူးကို "အာရမ္မဏသတ္တိ"လို့ခေါ်ပါတယ်.......

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

ဟေတုပစ္စည်း၏အကျိုးကျေးဇူးများ

ဟေတုပစ္စည်းဆိုတာ ပိဋကတ်သုံးပုံတို့တွင် အဘိဓမ္မာပိဋကတ်မှာပါတဲ့ ပစ္စည်းတရားဖြစ်ပါတယ်။ အဘိဓမ္မာပိဋကတ်ထဲကလည်း အဘိဓမ္မာ (၇)ကျမ်းတို့တွင် ပဋ္ဌာန်းကျမ်းတွင်ပါဝင်သော ပစ္စည်းတရားဖြစ်ပါတယ်။
ဟေတုပစ္စယောတိ။
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
ဟေတုပစ္စယောတိ = ဟေတုပစ္စည်းဟူသည်ကား၊ ဟေတူ = ဟိတ်ခြောက်ပါးတို့သည်၊ ဟေတုသမ္ပယုတ္တကာနံ = ဟိတ်ခြောက်ပါးနှင့်ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ = သဟိတ်စိတ် ဧကသတ္တတိ ၇၁-ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် ဒွေပညာသ ၅၂-ပါးတို့အားလည်းကောင်း၊ တံသမုဋ္ဌာနာနံ = ထိုဟိတ်နှင့်ယှဉ်ကုန်သော စိတ် စေတသိက်လျှင် ဖြစ်ကြောင်းရှိကုန်သော..............

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ

ပဋ္ဌာန်းကိုပြောမယ်ဆိုရင်အဘိဓမ္မာ(၇)ကျမ်းလုံးကိုလဲနည်းနည်းစိစစ်ရမယ်၊သတ္တသတ္တာယ(၇)ခုကိုလဲနည်းနည်းတော့ရေးဥိးမှကောင်းမယ်။ပဋ္ဌာန်းကိုစပြီးဆင်ခြင်တဲ့သမိုင်းလေးရယ်ဆက်နွယ်နေတဲ့ဖြစ်စဉ်လေးတွေရယ်ပါသိရတော့ပိုကောင်းပါမယ်။မြတ်စွာဘုရားအလောင်းတော်သည်မဟာသက္ကရာဇ်၁၀၃ခု၊ကဆုန်လပြည့်နေ့၌သဗ္ဗညုမြတ်စွာဘုရားအဖြစ်ရောက်ရှိခဲ့ပြီးနောက်(က)ပလ္လင်္ကသတ္တာဟ။။ဘုရားဖြစ်တဲ့နေရာ(ပလ္လင်)ထက်မှာပဲကဆုန်လပြည့်ကျော်(၁)ရက်နေ့မှ(၇)ရက်နေ့အထိမလှုပ်မရှားဆက်ပြီးသီတင်းသုံးတော်မူပါတယ်။ပထမနေ့၊နေ့အခါမှာဖလသမာပတ်ဝင်စားပြီးနေပါတယ်။ညအခါမှာပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးက.......
ဆက်လက်ဖတ်ရှု့နိုင်ပါသည်

Sunday, 19 August 2012

ဗုဒ္ဓဘာသာဝင်တို့၏ဝါဆိုလ

ဝါဆိုလသည်ဗုဒ္ဓဘာသာဝင်တို့အတွက်ထူးမြတ်သောလဖြစ်၏။ဝါဆိုလပြည့်နေ့မှာဘုရားအလောင်း တော်သည်နတ်ဗြဟ္မာအပေါင်းတို့တောင်းပန်မှုကြောင့်မယ်တော်၏၀မ်း၌ပဋိသန္ဓေနေတော်မူခဲ့၏။အိုနာသေရေးဒုက္ခဘေးတို့မှကင်းလွတ်ရာဖြစ်သောတရားထူးကိုရှာရန်တောထွက်တော်မူခဲ့၏။ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်ပဉ္စ၀ဂ္ဂီငါးဦးအမှူးပြုသောနတ်ဗြဟ္မာအပေါင်းတို့အားဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့၏။ထို့ကြောင့်‘’သန္ဓေ၊ တောထွက်၊ဓမ္မစက်၊ ဟောမြွက်လ၀ါဆို’’ဟုအဆိုရှိခဲ့ပေသည်။ဘုရားရှင်၏တပည့်သားသံဃာတော်များသည်ဝါဆိုလပြည့်ကျော်တရက်နေ့မှာဝါဆိုဝါကပ်ကြ၍ဗုဒ္ဓတရားတော်များကိုသင်ယူပို့ချ ဟောပြခြင်းပရိယတ္တိ၊ကိုယ်တိုင်ကျင့်ပွါးအားထုတ်ခြင်းပဋိပတ္တိတို့ကို........

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ

ငါ့ရှင်၊သင်သည်မည်သူ၊သင်၏ဣနြေ္ဒတို့သည်ကြည်လင်လှ၏။အရေအဆင်းသည်စင်ကြယ်၍ပြိုးပြိုးပြက်ပြက်ရှိ၏။(-ဝိနည်း၊ မဟာဝဂ်)
ဝက္ကလိ၊
ဤအပုပ်ကောင်ကိုဖူးမြင်ခြင်းဖြင့်အဘယ်အကျိုးရှိမည်နည်း။ဝက္ကလိ၊တရားကိုမြင်သောသူသည်ငါဘုရားကိုမြင်သည်မည်၏။(-သံယုတ္တနိကာယ်၊ ခန္ဒသံယုတ်- ဝက္ကလိသုတ်)
(က) ပိဋကတ်မှ ဂေါတမဗုဒ္ဓ
မြန်မာနိုင်ငံတွင်ဂေါတမဗုဒ္ဓ၏ဘဝဖြစ်စဉ်အကြောင်းအရာများကိုရေးသားထားသောမြန်မာဗုဒ္ဓဝင်စာအုပ်များရှိ၏။ထိုစာအုပ်များ၌ပါရှိသောအချက်များကိုမြန်မာဗုဒ္ဓဝါဒီတို့ကအကြွင်းမဲ့လက်ခံယုံကြည်ကြမည်ဖြစ်သော်လည်းအနောက်တိုင်းဗုဒ္ဓစာပေသုတေသီပညာရှင်တို့က ထိုသို့လက်ခံလိုကြမည်မဟုတ်ချေ။တစ်နည်းဆိုသော်ယိုးဒယားမြန်မာ၊သီဟိုဠ်သားတို့၏ဗုဒ္ဓဝင်ကိုတိကျခိုင်မာသောဗုဒ္ဓအတ္တုပ္ပတ္တိအဖြစ်အသိအမှတ်ပြုလိုကြမည်......

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

Thursday, 2 August 2012

ဘုရားအလောင်း သန္ဓေတည်ချိန်၌ မယ်တော်မာယာ အိပ်မက်မြင်ပုံ

ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကို လှူ၍ ဥပုသ်စောင့်သုံးပြီးလျှင် အသရေရှိသော တိုက်ခန်းသို့ ၀င်၍ သလွန်တော်၌ လျောင်းစက် အိပ်ပျော်စဉ် ထူးဆန်းသော အိပ်မကိကို မြင်သည်မှာ နတ်မင်းကြီး ၄ ပါးတို့သည် ဟိမ၀န္တာ၌ရှိသော ဆေး ဒန်း မြင်းသိလာ ကျောက်ဖျာ အပြင်သို့  သလွန်တော်နှင့် တကွဆောင်ယူ၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်,,,,,,,,,,,,,,,

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

အလောင်းတော်နတ်သားကို နတ်ဗြဟ္မာများက တုသိတာနတ်ပြည်မှ စုတေဘို့ရန် တောင်းပန်နေပုံ။

ဘုရားအလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီကုသိုလ်များကို ဖြည့်ကျင့်၍ ဘုရားမဖြစ်မီ တစ်ဘ၀၌ တုသိတာနတ်ပြည်ဝယ်။သေတကေတု အမည်ရှိသော နတ်မင်းဖြစ်လေသည်။ ထိုနတ်မင်းသည် နတ်အသက်စေ့၍ စုတေဘို့ရန် အချိန်နီးလတ်သော် စကြာဝဋ္ဌာ ကမ္ဘာတစ်သောင်းမှ နတ်ဗြဟ္မာတို့သည်,,,,,,,,,,,,,,,

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

Sunday, 22 July 2012

ဗုဒ္ဓဘာသာတရားကိုမယုံကြည်လို့မေးသောမေးခွန်းများကိုအထောက်အထားဖြင့် ဖြေရှင်းချက်များ

(၁)ဗုဒ္ဓဘာသာဆိုတာဘာလဲ။
(၂)ဒီလိုဆိုရင်ဗုဒ္ဓဘာသာဟာဒဿနပညာရပ်တစ်ခုဘဲပေါ့။
(၃)ဗုဒ္ဓဆိုတာဘယ်သူပါလဲ။
(၄)ဗုဒ္ဓဟာသူ့ရဲ့ကြင်ယာတော်နဲ့သားတော်ကိုပစ်ထားခဲ့တဲ့အတွက်တာဝန်မဲ့ရာမရောက်ဘူးလား။
(၅)ဗုဒ္ဓကပရိနိဗ္ဗာန်စံသွားပြီဆိုတော့သူကကျွန်ုပ်တို့ကိုဘယ်လိုကူညီနိုင်ပါသလဲ။
(၆)ဗုဒ္ဓဟာထာဝရဘုရား(God)လား။
(၇)ဗုဒ္ဓဟာထာဝရဘုရားမဟုတ်ရင်ဘာကြောင့်သူ့ကိုလူတွေကရှိခိုးကိုးကွယ်နေကြသလဲ။
(၈)ဗုဒ္ဓဘာသာဝင်များဟာရုပ်တုကိုကိုးကွယ်ကြတယ်လို့တချို့လူများကပြောတာကြားဘူးပါတယ်။ဟုတ်ပါသလား။
(၉)တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းတွေထဲမှာစက္ကူပိုက်ဆံတွေကိုမီးရှို့တာတွေ၊ပြီးတော့တခြားထူးထူးဆန်းဆန်းလုပ်ကြတာ တွေ့ကြရပါတယ်။အဲဒါတွေကိုဘာကြောင့်လုပ်ကြပါသလဲ။

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

Saturday, 21 July 2012

ဘာသာတရား

ဘာသာတရား (Religion) ကမ္ဘာ့သမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပညာရေးဆိုင်ရာလေ့လာမှု၌ ဘာသာတရားဟူသော ဝေါဟာရကို၊ တစ်နည်းအားဖြင် Religion ဟူသော အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်ကို ရှုထောင့်အထွေထွေမှ တွေးမြင်သုံးသပ်နိုင်ပေသည်။ ဘာသာတရားဟူသည် နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံပိုင်းဖြစ်ပါသည်။ အယူဝါဒရေးရာ လေ့လာဆန်းစစ်ချက်သီအိုလိုဂျီ သို့မဟုတ် တတ်သိလိမ္မာသူ ပညာရှင်တို့၏ အယူဝါဒ ပုံဖော်မူတစ်ရပ်ဟူ၍လည်း ရှုမြင်ကြပေသည်။ ဘာသာတရားဟူသည်

ဆက်လက်ဖတ်ရှု့နိုင်သည်

“သိ ပယ် ဆိုက် ပွား”

*“သိ ပယ် ဆိုက် ပွား”* ဤစကားလေးများသည် ဗုဒ္ဓဘာသာ၏ သစ္စာလေးပါးကို အထိမိဆုံး ဖော်ညွန်းပေးသည့် စကားလေးများဖြစ်၏။
“သိ”ဟူသည် ဒုက္ခသစ္စာကို ရည်ညွန်းပြီး
“ပယ်”ဟူသည် သမုဒယသစ္စာကို ရည်ညွန်းကာ “ဆိုက်”ဟူသည် နိရောဓသစ္စာကို ရည်ညွန်းလျက်
“ပွား”ဟူသည်ကား မဂ္ဂသစ္စာကို ရည်ညွန်းထား၏။ ဒုက္ခသစ္စာသည် သိထားရမည့်အမှန်သစ္စာဖြစ်ပြီး သမုဒယသစ္စာသည်ကား ပယ်ရမည့် အမှန်သစ္စာဖြစ်ကြောင်းနှင့်နိရောဓသစ္စာသည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့် အမှန်သစ္စာဖြစ်ကာ မဂ္ဂသစ္စာသည်ကား

ဆက်လက်ဖတ်ရှု့နိုင်သည်

မြတ်ဗုဒ္ဓ၏ တရားဦး (The First Discourse of The Buddha)

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆိုတာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။ ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား